ပအိုဝ်းဒေသ၌ COVID-19 ပိုး ရှိသူ ၂၀၀၀ ကျော် တွေ့ရှိထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပအိုဝ်းဒေသ၌ COVID-19 ပိုး ရှိသူ ၂၀၀၀ ကျော် တွေ့ရှိထား

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့၌ တတိယလှိုင်း ကာလအတွင်း COVID-19 ပိုးရှိသူ စုစုပေါင်း ၂၀၀၀ ကျော် တွေ့ရှိထားကြောင်း သိရသည်။

.
COVID-19 တတိယလှိုင်းကာလ စက်တင်ဘာလ ၂ ရက်ထိ COVID-19 ပိုး ရှိသူ ဟိုပုံးမြို့နယ်၌ ၆၂၄ ဦး၊ ဆီဆိုင်မြို့နယ်၌ ၄၀၄ ဦး၊ ပင်လောင်းမြို့နယ်၌ ၁၀၄၄ ဦး၊ စုစုပေါင်း ၂၀၇၂ ဦး တွေ့ရှိထားခြင်း ဖြစ်သည်။
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း COVID-19 ဖြင့် သေဆုံးရသူမှာ ၃၂ ဦး ရှိ၍ ဆေးရုံမှ ဆင်းခွင့်ရသူမှာ ၁၁၅၅ ဦး ရှိကြောင်းလည်း သိရသည်။
.
အဆိုပါ စာရင်းမှာ ဒေသတွင်း မြို့နယ် ၃ ခုရှိ ကျန်မာရေးဌာနများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တရားဝင် ထုတ်ပြန်ချက်များကို ကမ္ဘောဇတိုင်းမှ ပြုစုထားခြင်းသာ ဖြစ်ပြီး မြေပြင်တွင် ယခုထက်  COVID-19 ပိုး ရှိသူ များနိုင်ကြောင်း သိရသည်။
.
COVID-19 ကူးစက်မှုအား Mask စနစ်တကျ တပ်ဆင်ခြင်း၊ စက္ကန့် ၂၀ ကြာ စနစ်တကျ လက်ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာတွင် နေထိုင်၍ လူစုလူဝေး ရှောင်ခြင်းဖြင့် ကာကွယ်နိုင်သည့်အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု ကာကွယ်ဆေး ထိုးနှံခြင်းဖြင့်လည်း ကာကွယ်နိုင်သည်ဟု ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း အဖွဲ့အစည်း အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်တို့က ယုံကြည် လက်ခံထားကာ ယင်းစည်းကမ်းချက်များအား မပျက်မကွက် လိုက်နာရန်ကိုလည်း တိုက်တွန်းထားသည်။
.
#KBZTai #Shan #PaohAutonomousRegion #COVID19  #3Sep2021

Journal Download

Photo of three cats