ကျိုင်းတုံမြို့နယ်တွင် စက်တင်ဘာလ ၂၀ ရက်မှ ၂၆ ရက်ထိ တစ်ပတ်တာ ကာလအတွင်း COVID-19 ပိုး ရှိသူ ၄၃၆ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
စက်တင်ဘာလ ၂၀ ရက်တွင် ၆၁ ဦး၊ ၂၁ ရက်တွင် ၃၉ ဦး၊ ၂၂ ရက်တွင် ၆၂ ဦး၊ ၂၃ ရက်တွင် ၇၇ ဦး၊ ၂၄ ရက်တွင် ၉၉ ဦး၊ ၂၅ ရက်တွင် ၅၈ ဦး၊ ၂၆ ရက်တွင် ၄၀ ဦးဖြင့် တစ်ပတ်အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၃၆ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်သော မြို့နယ်အလိုက် COVID-19 ရောဂါပိုး တွေ့ရှိမှု စာရင်းတွင် ရှမ်းပြည်နယ်သည် ပိုးတွေ့နှုန်း အများဆုံး ဖြစ်နေကာ ယင်းစာရင်းတွင် ကျိုင်းတုံမြို့နယ်သည် ၅ ရက်ဆက် အများဆုံး အဖြစ် တည်ရှိနေကြောင်း တွေ့ရသည်။
.
ရှမ်းပြည်နယ်ရှေ့ပိုင်း၏ မြို့တော်ဖြစ်သည့် ကျိုင်းတုံမြို့နယ်ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်က စတင်၍ Stay at Home သတ်မှတ်ထားခြင်း ဖြစ်ပြီး COVID-19 တတိယလှိုင်းကာလ အတွင်း၌ ပိုး ရှိသူ စုစုပေါင်း ၃၅၀၀ ဦး တွေ့ရှိခဲ့ကာ ယင်းအနက် သေဆုံးသူ ၆၇ ဦးနှင့် ပိုး ကင်းစင်သူ ၂၈၈၇ ဦး ရှိကြောင်း သိရသည်။
.
#KBZTai #Shan #News27Sep2021
.
[ Photo - Local ]