တောင်ကြီးမြို့နယ်၌ ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် COVID-19 ပိုး ရှိသူ ၄၆ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ ပိုး တွေ့သူများမှာ တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ၄၂ ဦး၊ အေးသာယာမြို့ပေါ် ရပ်ကွက်များမှ ၁၁ ဦး၊ ရွှေညောင်မြို့မှ ၁ ဦးနှင့် ကျေးရွာအုပ်စုများမှ ၂ ဦး ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၂၄ ရက်ထိ COVID-19 ပိုး ရှိသူ ၅၀၅၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၄၃၇၂ ဦးရှိ၍ သေဆုံးသူ ၂၂၅ ဦး ရှိကြောင်း သိရသည်။
.
ယင်း ရောဂါပိုး တွေ့ရှိ/သေဆုံးမှု စာရင်းမှာ စင်တာများ၊ ဆေးရုံများနှင့် Pilot Project အစီအစဉ်ဖြင့် စစ်ဆေး တွေ့ရှိမှု အပေါ် သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိပေ။
.
#KBZTai #Shan #COVID19 #News24Sep2021