တောင်ကြီးခရိုင်၌ COVID-19 ပိုး ရှိသူ ၁၅၂ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးခရိုင်၌ COVID-19 ပိုး ရှိသူ ၁၅၂ ဦး ထပ်မံတွေ့ရှိ

တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ်များ၌ ယနေ့ စက်တင်ဘာလ ၅ ရက်တွင် COVID-19 ပိုး ရှိသူ ၁၅၂ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

.
COVID-19 တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၅ ရက်အတွင်း တောင်ကြီးခရိုင်၌ COVID-19 ပိုး ရှိသူ စုစုပေါင်း ၉၃၂၅ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၃၇၇ ဦး သေဆုံး၍ ၆၆၀၁ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စာရင်းမှာ မြို့နယ်အလိုက် COVID-19 စင်တာများ၊ ဆေးရုံများရှိ စာရင်းကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိပေ။
.
တောင်ကြီးခရိုင် အတွင်း၌ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ကလောမြို့နယ်၊ ဖယ်ခုံမြို့နယ်တို့ ပါဝင်ပြီး တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ကလောမြို့နယ်မှ အောင်ပန်းမြို့တို့ကို Stay at Home သတ်မှတ်ကြေညာထားသည်။

#KBZTai  #Shan  #COVID19 #5Sep2021

Journal Download

Photo of three cats