ရှမ်းပြည်နယ် အတွင်း၌ COVID-19 ဖြင့် သေဆုံးခဲ့ရသူ ၁၁၃၀ ဦး‌ကျော် ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် အတွင်း၌ COVID-19 ဖြင့် သေဆုံးခဲ့ရသူ ၁၁၃၀ ဦး‌ကျော် ရှိ


ရှမ်းပြည်နယ်အတွင်း၌ COVID-19 ဖြင့် သေဆုံးခဲ့ရသူ ၁၁၃၀ ဦးကျော် ရှိကြောင်း ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

.
COVID-19 တတိယလှိုင်း ကာလအတွင်း ယမန်နေ့ စက်တင်ဘာလ ၁ ရက်ထိ COVID-19 ဖြင့် သေဆုံးသူ စုစုပေါင်း ၁၁၃၆ ဦးထိ ရှိလာခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်ရှိ မြို့နယ်အသီးသီး၌ တတိယလှိုင်း ကာလအတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၃၆၃၈၇ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၈၁၇၉ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရကာ ၇၀၇၂ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
COVID-19 ဖြင့် သေဆုံးခဲ့ရသူမှာ ၃ ဒသမ ၁၂ ရာခိုင်နှုန်း ရှိပြီး ယင်းသေဆုံးသူ စာရင်းမှာ ဆေးရုံနှင့် စင်တာများ၏ တရားဝင်စာရင်းသာ ဖြစ်သည့်အတွက် ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ရသူများ၏ စာရင်းများ မပါဝင်ပေ။
.
ပြည်နယ်၏ မြို့‌တော်များ ဖြစ်သည့် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ အပါအဝင် လောက်ကိုင်၊ နောင်ချို၊ သီပေါ၊ မူဆယ်၊ ညောင်ရွှေ၊ ရပ်စောက်၊ တာချီလိတ် မြို့နယ်များနှင့် အောင်ပန်းမြို့ (ကလောမြိုနယ်) ကို Stay at Home သတ်မှတ်ထားသည်။
.
#KBZTai  #Shan  #COVID19 #2Sep2021

Journal Download

Photo of three cats