ရှမ်းပြည်နယ်၏ မြို့တော်များတွင် COVID-19 ဖြင့် သေဆုံးခဲ့ရသူ ၄၄၉ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်၏ မြို့တော်များတွင် COVID-19 ဖြင့် သေဆုံးခဲ့ရသူ ၄၄၉ ဦး ရှိ


ရှမ်းပြည်နယ်၏ မြို့တော်များ ဖြစ်သည့် တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့နယ်တို့၌ COVID-19 တတိယလှိုင်း ကာလအတွင်း စက်တင်ဘာလ ၁၈ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၀၉၁၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ သေဆုံးရသူ ၄၄၉ ဦး ရှိကြောင်း သိရသည်။

.
ရှမ်းပြည်နယ်တောင်ပိုင်း၏ မြို့တော် ဖြစ်သည့် တောင်ကြီးမြို့နယ်၌ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၁၈ ရက်အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၉၀၈ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၂၄ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
.
ထို့အတူ ရှမ်းပြည်နယ်‌မြောက်ပိုင်း၏ မြို့တော် ဖြစ်သည့် လားရှိုးမြို့နယ်၌ ဇွန်လ ၉ ရက်မှ စက်တင်ဘာလ ၁၈ ရက်အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၂၉၇၅ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၁၆၅ ဦး သေဆုံးခဲ့‌ကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ်‌အ‌ရှေ့ပိုင်း၏ မြို့တော် ဖြစ်သည့် ကျိုင်းတုံမြို့နယ်၌ ဇွန်လ ၂၉ ရက်မှ စက်တင်ဘာလ ၁၈ ရက်အတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၃၀၂၇ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၆၀ ဦး သေဆုံးခဲ့ရသည်။
.
အဆိုပါ ပြည်နယ်မြို့တော်များကို Stay at Home သတ်မှတ်ထားပြီး ယခု ရက်ပိုင်းအတွင်း ပြန်ကြားရေးဌာနများ၏ ထုတ်ပြန်ချက်အရ COVID-19 ပိုး တွေ့နှုန်းနှင့် သေဆုံးနှုန်း အနည်းငယ် ကျဆင်း‌လာသည်ဟု သိရသည်။
.

ယင်း ရောဂါပိုး တွေ့ရှိ/သေဆုံးမှု စာရင်းမှာ စင်တာများ၊ ဆေးရုံများနှင့် Pilot Project အစီအစဉ်ဖြင့် စစ်ဆေး တွေ့ရှိမှု အပေါ် သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိ‌ပေ။

Journal Download

Photo of three cats