တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၄၃ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၌ COVID-19 ပိုး ရှိသူ ၄၃ ဦး ထပ်မံ တွေ့ရှိ


တောင်ကြီးမြို့နယ်၌ စက်တင်ဘာလ ၁၇ ရက်တွင် COVID-19 ပိုး ရှိသူ ၄၃ ဦး ထပ်မံ တွေ့ရှိခဲ့‌ကြောင်း ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

.
တောင်ကြီးမြို့နယ်တွင် တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၁၇ ရက်ထိ COVID-19 ပိုး ရှိသူ ၄၈၈၉ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၄၂၁၆ ဦးရှိ၍ သေဆုံးသူ ၂၂၄ ဦး ရှိကြောင်း သိရသည်။
.
ယင်း ရောဂါပိုး တွေ့ရှိ/သေဆုံးမှု စာရင်းမှာ စင်တာများ၊ ဆေးရုံများနှင့် Pilot Project အစီအစဉ်ဖြင့် စစ်ဆေး တွေ့ရှိမှု အပေါ် သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိ‌ပေ။
.
#KBZTai  #Shan  #COVID19  #News17Sep2021

Journal Download

Photo of three cats