တောင်ကြီးခရိုင်၌ COVID-19 ပိုး ရှိသူ ၆၇ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့သူ ၁၀၂၀၀ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးခရိုင်၌ COVID-19 ပိုး ရှိသူ ၆၇ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့သူ ၁၀၂၀၀ ဦး ရှိ


တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ၁၄ ရက်တွင် COVID-19 ပိုး ရှိသူ ၆၇ ဦး ထပ်မံ တွေ့ရှိခဲ့သဖြင့် ပိုး ရှိသူ စုစုပေါင်း ၁၀၂၀၀ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

.
ထို့အတူ ခရိုင်အတွင်း၌ စက်တင်ဘာလ ၁၄ ရက်တွင် COVID-19 ဖြင့် သေဆုံးရသူ ၆ ဦး၊ ပိုးကင်းစင်သူ ၁၄၀ ဦး ရှိခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၄၀၇ ဦးနှင့် ပိုးကင်းစင်သူ စုစုပေါင်း ၈၂၂၅ ဦး ရှိကြောင်း သိရသည်။
.
အဆိုပါ စာရင်းမှာ COVID-19 တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၁၄ ရက်အတွင်း တောင်ကြီးခရိုင်ရှိ မြို့နယ်အလိုက်  စာရင်းကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိပေ။
.
တောင်ကြီးခရိုင် အတွင်း၌ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ကလောမြို့နယ်၊ ဖယ်ခုံမြို့နယ်တို့ ပါဝင်ပြီး တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် ကလောမြို့နယ်မှ အောင်ပန်းမြို့တို့ကို Stay at Home သတ်မှတ်ကြေညာထားသည်။
.
#KBZTai  #Shan  #COVID19 #News15Sep2021

Journal Download

Photo of three cats