လားရှိုးအကျဉ်းထောင်မှ အကျဉ်းသား/အချုပ်သား ၄၉၀ ဦး COVID-19 ကာကွယ်ဆေး ထိုးနှံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးအကျဉ်းထောင်မှ အကျဉ်းသား/အချုပ်သား ၄၉၀ ဦး COVID-19 ကာကွယ်ဆေး ထိုးနှံ

Photo - We Love Shan North

လားရှိုး အကျဉ်းထောင်မှ  အကျဉ်းသား/အချုပ်သား ၄၉၀ ဦးကို ယမန်နေ့ စက်တင်ဘာလ ၃ ရက်မှ စတင်၍ COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးနေကြောင်း သိရသည်။

.
Sinopharm ကာကွယ်ဆေးကို အကျဉ်းသား/အချုပ်သား ၄၈၄ ဦး၊ ပြစ်ဒဏ်မှ စေ့၍ ပြန်လည်လွတ်မြောက်သွားသူ ၆ ဦး၊ စုစုပေါင်း ၄၉၀ ဦးကို လားရှိုး အကျဉ်းထောင်၌ ထိုးနှံပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အတွင်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/အချုပ်သား အားလုံးကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးပြီး ဖြစ်သည်ဟု ရှမ်းပြည်နယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ကမ္ဘောဇတိုင်းသို့ အတည်ပြု ပြောဆိုထားသော်လည်း ဒုတိယအကြိမ် ထိုးနှံမည့် အစီအစဉ်နှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်သည်။
.
ယင်းကဲ့သို့ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်သည်ဟု အတည်ပြုထားသော်လည်း ညောင်ရွှေအကျဉ်းထောင်မှ အချုပ်သား ၃ ဦးသည် ပြီးခဲ့သော ရက်ပိုင်းတွင် ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့ကြရ သကဲ့သို့ အကျဉ်းထောင် အတွင်းရှိ အချုပ်သားအချို့ ဖျားနာမှုများ ရှိနေကြောင်းလည်း သိရသည်။
.
#KBZTai  #Shan  #Lashio  #4Sep2021

Journal Download

Photo of three cats