Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နယ် အတွင်း၌ ယခု စက်တင်ဘာလ အတွင်း ( ၁၂ ရက်ထိ) COVID-19 ပိုး ရှိသူ ၃၆၈ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ COVID-19 ဖြင့် သေဆုံးသူမှာလည်း စက်တင်ဘာလ အတွင်း၌ ၈ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၁၂ ရက်ထိ COVID-19 ပိုး ရှိသူ ၄၆၄၇ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၃၈၇၂ ဦးရှိ၍ သေဆုံးသူ ၂၂၀ ဦး ရှိကြောင်း သိရသည်။
.
ယင်း ရောဂါပိုး တွေ့ရှိ/သေဆုံးမှု စာရင်းမှာ စင်တာများ၊ ဆေးရုံများနှင့် Pilot Project အစီအစဉ်ဖြင့် စစ်ဆေး တွေ့ရှိမှု အပေါ် သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ/သေဆုံးသူများ၏ စာရင်းများ ပါဝင်ခြင်း မရှိပေ။