ကျောက်မဲ စီးပွားရေးဘဏ် ဝန်ထမ်းများတွင် COVID-19 ကူးစက်မှု ရှိနေ၍ ဘဏ်ကို စက်တင်ဘာ ၁၇ အထိ ခေတ္တပိတ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲ စီးပွားရေးဘဏ် ဝန်ထမ်းများတွင် COVID-19 ကူးစက်မှု ရှိနေ၍ ဘဏ်ကို စက်တင်ဘာ ၁၇ အထိ ခေတ္တပိတ်မည်

 


ကျောက်မဲမြို့ရှိ ခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ  ဝန်ထမ်း ၅ ဦးနှင့် ဘဏ်ဝန်ထမ်း မိသားစုဝင် ၁ ဦးတို့တွင် စက်တင်ဘာလ ၁၁ ရက်က  COVID-19 ပိုး တွေ့ရှိခဲ့သောကြောင့် ဘဏ်ကို စက်တင်ဘာလ ၁၇ ရက် အထိ ခေတ္တပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စစ်ဆေးတွေ့ရှိခဲ့သည့်  ဘဏ်ဝန်ထမ်း ၅ ဦး အပါအဝင် ကျောက်မဲခရိုင် မြန်မာ့ စီးပွားဘဏ်ခွဲတွင် ပိုးတွေ့သူ စုစုပေါင်း ၁၁ ဦး ရှိပြီ ဖြစ်ကာ ရောဂါ ကူးဆက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အတွက် ဘဏ်ကို ယာယီပိတ်ထားခြင်း ဖြစ်သည်။
.

ထို့အတူ စက်တင်ဘာလ ၁၂ ရက်တွင် ကျောက်မဲမြို့နယ်၊ မန်ကျောင်းကျေးရွာမှ စစ်ရှောင် ၁၂၇ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့‌ကြောင်းနှင့် ၎င်းတို့အား ကျေးရွာဘုန်းကြီးကျောင်း၌ ကုသဆောင်ဖွင့်၍ ထားရှိ ကုသပေးမည် ဖြစ်ပြီး ရောဂါပြင်းထန်သည့် လူနာများကို ကျောက်မဲပြည်သူ့ဆေးရုံ၌ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

.

ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၂ ရက်မှ စက်တင်ဘာ  ၁၂  ရက်အထိ COVID-19 ပိုး ရှိသူ  စုစုပေါင်း ၁၁၂၀ ဦး‌ကျော် တွေ့ရှိခဲ့ပြီး၊ သေဆုံးသူ ၆၁ ဦး ရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats