နမ္မတူမြို့နယ် ရွှေမြင်သာဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင် ၄၆ ပါးတွင် COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ် ရွှေမြင်သာဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင် ၄၆ ပါးတွင် COVID-19 ပိုး တွေ့ရှိ


ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သံဃာတော် ၂၅ ပါးနှင့် အထက်ရှိ စာသင်တိုက်/ကျောင်းတိုက်များတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား COVID-19 ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးဆောင်ရွက်လျက် ရှိရာ ယနေ့ စက်တင်ဘာလ ၁၁ ရက်၊ နံနက်တွင် နမ္မတူမြို့နယ်၊ ပန်ဟိုက် (၁)ရပ်ကွက်ရှိ ရွှေမြင်သာဘုန်းတော်ကြီးကျောင်းမှ ရဟန်း၊ သာမဏေနှင့် သီလရှင် ၄၆ ပါးတွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.
ရွှေမြင်သာဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးလျက် ရှိသည့် ရဟန်း၊ သာမဏေ ၉၁ ပါးနှင့် သီလရှင် ၂ ပါး၊ စုစုပေါင်း ၉၃ ပါး၏ ဓါတ်ခွဲနမူနာများအား RDT Test Kit ဖြင့် စစ်ဆေးရာ ၄၆ ပါးတွင် ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးထံမှ  သိရသည်။
.
အဆိုပါ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁၂ ရက်တွင် ရွှေတောင်ကျောင်းတိုက်နှင့် မြို့လယ်ကျောင်းတိုက်တွင် လည်းကောင်း၊ စက်တင်ဘာလ ၁၃ ရက်တွင် ဝေယျာဝိစ္စကျောင်းတိုက်နှင့် တုန်ဟုန်းခမ်းကျောင်းတိုက်တွင် လည်းကောင်း၊ စက်တင်ဘာလ ၁၄ ရက်တွင် ပုဗ္ဗာရုံကျောင်းတိုက်၊ ပညာလင်္ကာရကျောင်းတိုက်နှင့် မန်စံကျေးရွာရှိ ရွှေစကားဝါသုခဗလကျောင်းတိုက်တွင် လည်းကောင်း၊ စက်တင်ဘာလ ၁၅ ရက်တွင် မိုင်းမုကျေးရွာရှိ မိုင်းမုကျောင်းတိုက်တွင် လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်တွင် မိုင်းရင်ကျေးရွာရှိ ဇေယျသုခကျောင်းတိုက်တွင် လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
နမ္မတူမြို့နယ်တွင် ဇွန်လ ၁၆ ရက်မှ ယနေ့နံနက်ပိုင်းထိ COVID-19 ပိုး ရှိသူ ၄၇၀ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၃၀၈ ဦး၊ ၁၄ ဦး သေဆုံးခဲ့ကာ ဆေးကုသဆဲ လူနာ ၁၄၈ ဦး ရှိကြောင်း သိရသည်။
.
◾စောဦး (ရတနာမြေ)
.
#KBZTai  #Shan  #Namatu  #COVID19  #11Sep2021

Journal Download

Photo of three cats