တောင်ကြီးမြို့ သူငယ်တော်ယေဇူး မိဘမဲ့နှင့် မသန်စွမ်းသူများကျောင်းမှ ၅၇ ဦး အပါအဝင် ၇၁ ဦးတွင် COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ သူငယ်တော်ယေဇူး မိဘမဲ့နှင့် မသန်စွမ်းသူများကျောင်းမှ ၅၇ ဦး အပါအဝင် ၇၁ ဦးတွင် COVID-19 ပိုး တွေ့ရှိ



တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေဇူး မိဘမဲ့နှင့် မသန်စွမ်းသူများကျောင်းမှ ၅၇ ဦး အပါအဝင် စုစုပေါင်း ၇၁ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
သူငယ်တော်ယေဇူး မိဘမဲ့နှင့် မသန်စွမ်းသူများကျောင်းမှ ၁၇၇ ဦးအား Pilot Project အစီအစဉ်အရ RDT ဖြင့် စစ်ဆေးစဉ် ၅၇ ဦးတွင် COVID-19 ပိုးတွေ့ခဲ့ခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့နယ်တွင် COVID-19 တတိယလှိုင်း ကာလ ဇွန်လ ၁ ရက်မှ ယနေ့ စက်တင်ဘာလ ၄ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၄၈၅ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၁၃ ဦး သေဆုံး၍ ၃၁၁၃ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စာရင်းမှာ COVID-19 စင်တာများ၊ ဆေးရုံများရှိ စာရင်းကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်သည့် စာရင်းသာ ဖြစ်ပြီး ကိုယ်ပိုင် အစီအစဉ်ဖြင့် ဆေးကုသမှု ခံယူသူ စာရင်းများ ပါဝင်ခြင်း မရှိပေ။
.
Stay at Home ထုတ်ပြန်ထားသည့် တောင်ကြီးမြို့နယ်တွင် COVID-19 ကူးစက် ပျံ့နှံမှုအား ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပေးနှိုးဆော်မှုများ ပြုလုပ်နေလျက် ရှိသည့် အပြင် Pilot Project ဖြင့် COVID-19 စစ်ဆေးမှုကိုလည်း ပြုလုပ်နေလျက် ရှိသာ်။
.
#KBZTai #Shan #Taunggyi #COVID19 #4Sep2021

Journal Download

Photo of three cats