ဟိုပုံးကိုရင်လေး COVID-19 ဖြင့် ပျံလွန်တော်မူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးကိုရင်လေး COVID-19 ဖြင့် ပျံလွန်တော်မူ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှ ဟိုပုံးကိုရင်လေးသည် ယနေ့ စက်တင်ဘာလ ၁ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် COVID-19 ဖြင့် ပျံလွန်တော်မူသွားကြောင်း သိရသည်။

.
ဟိုပုံးကိုရင်လေး ရှင်ပေါရိဿသည် COVID-19 ကူးစက်ခံထားရကာ ဟိုတိကျေးရွာရှိ ကျောင်းတိုက်တွင် ဆေးဝါး ကုသမှုခံယူနေစဥ် ပျံလွန်တော်မှုသွားခြင်း ဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၄၈ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
ကိုရင်လေး ပျံလွန်တော်မူခြင်းအား ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)နှင့် မောင်းမွူးခံ့ မီဒီယာတို့ကလည်း အတည်ပြု ထုတ်ပြန်ထားသည်။
.
#KBZTai  #Shan  #Hopone  #1Sep2021

Journal Download

Photo of three cats