တာချီလိတ်မြို့၌ COVID-19 တတိယလှိုင်းကာလအတွင်း ဖွင့်လှစ်နေသည့် KTV များအနက် ပုံလို့လမ်းဘေးက KTV ကို ဝင်ဖမ်းရာ ၅၈ ဦး ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တာချီလိတ်မြို့၌ COVID-19 တတိယလှိုင်းကာလအတွင်း ဖွင့်လှစ်နေသည့် KTV များအနက် ပုံလို့လမ်းဘေးက KTV ကို ဝင်ဖမ်းရာ ၅၈ ဦး ဖမ်းမိ


COVID-19 တတိယလှိုင်းအတွင်း ကူးစက်မှုများမြှင့်တက်နေသည့် တာချီလိတ်မြို့၌ တားမြစ်မိန့် ချိုးဖောက်ပြီး ဖွင့်လှစ်နေသည့် KTV များအနက် ပုံလို့လမ်းရှိ KTV အား ဝင်ဖမ်းရာ ၅၈ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်း ပုံလို့ သွားလမ်းဘေးရှိ Lon Lon KTV အား စက်တင်ဘာလ ၃ ရက်၊ ညပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ပြီး ဖမ်းဆီးမိသူများအား တာချီလိတ်မြို့မရဲစခန်း၌ ထားရှိကာ အမှုဖွင့်ရန် လုပ်ဆောင်နေကြောင်း Tachileik News Agency ၏ ဖော်ပြချက်အရ သိရသည်။
.
ယင်းကဲ့သို့ COVID-19 တတိယလှိုင်းကာလအတွင်း တားမြစ်ထားသည့် ကြားက ဖွင့်လှစ်နေသည့် KTV များအနက် ယခု ဖမ်းဆီးရမိမှုမှာ ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ်သည် ရန်အောင်မြေရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် KTV တွင် ဇူလိုင်လ ၁၀ ရက်၊ ညပိုင်းက ဖမ်းဆီးခြင်း ဖြစ်သည်။
.
တာချီလိတ်မြို့နယ်ကို COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် ဇူလိုင်လ ၁၃ ရက်တွင် Stay at Home သတ်မှတ်ထားသည်။
.
#KBZTai  #Shan  #Tachileik  #4Sep2021

Journal Download

Photo of three cats