COVID-19 မျိုးကွဲဗီဇသစ် Delta မျိုးစိတ် ကူးစက်ခံရသူ ၁၅ ဦး တွေ့ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 မျိုးကွဲဗီဇသစ် Delta မျိုးစိတ် ကူးစက်ခံရသူ ၁၅ ဦး တွေ့ထား

မြန်မာနိုင်ငံတွင် အထူးဂရုစိုက်ရမည့် COVID-19 မျိုးကွဲဗီဇသစ် Delta မျိုးစိတ် ကူးစက်ခံရသူ လူနာ ၁၅ ယောက် တွေ့ရှိထားကြောင်း သိရသည်။

ယင်းလူနာများမှာ နေပြည်တော်မှ ၅ ယောက်၊ ရန်ကုန်နှင့် မန္တလေးမှ ၂ ယောက်စီ၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့တို့မှ ၁ ယောက်စီ ဖြစ်သည်။

Delta မျိုးစိတ်သည် ရောဂါပိုး ကူးစက်နိုင်မှုနှင့် ရောဂါ ပြင်းထန်မှု များသဖြင့် သေဆုံးနိုင်ချေ မြင့်တက်လာနိုင်သည့် အပြင် COVID-19 ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ် လျော့ကျစေနိုင်ကြောင်း သိရသည်။

Journal Download

Photo of three cats