တောင်ကြီးမြို့နယ်၊ တောင်လေးလုံးရှိ ရတဖ(၂၆)မှ ရဲတပ်သား တစ်ဦး CDM ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၊ တောင်လေးလုံးရှိ ရတဖ(၂၆)မှ ရဲတပ်သား တစ်ဦး CDM ပြုလုပ်

တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာ အမှတ်(၂၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား တစ်ဦးသည် စက်တင်ဘာလ ၁ ရက်တွင် CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ CDM ပြုလုပ်သူမှာ ရဲတပ်သား မုန်ထိပ်ရှမ် ဖြစ်ပြီး Zalen က ယနေ့ စက်တင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် ရဲတပ်သား၏ CDM ပြုလုပ်ကြောင်း စာကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

.

၎င်းသည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သူ ဖြစ်ပြီး စစ်အာဏာရှင် လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သဖြင့် ပြည်သူလူထု တစ်ရပ်လုံး အားပေးထောက်ခံသော ဒီမိုကရေစီအစိုးရ မရမချင်း CDM ပြုလုပ်မည်ဟု CDM စာတွင် ဖော်ပြပါရှိသည်။

.

ရဲတပ်သား မုန်ထိပ်ရှမ် CDM ပြုလုပ်သည့် အခြေအနေနှင့် အမှတ်(၂၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၌ တာဝန် ထမ်းဆောင်မှု ရှိ/မရှိကိုမူ အတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။

Journal Download

Photo of three cats