မြန်မာ-တရုတ် နယ်စပ် BP-125 အနီးတွင် ယာယီနယ်စပ်ဂိတ် ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ-တရုတ် နယ်စပ် BP-125 အနီးတွင် ယာယီနယ်စပ်ဂိတ် ဖွင့်လှစ်မည်


ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်ရှိ မြန်မာ-တရုတ် နယ်စပ် BP-125 အနီးတွင် နှစ်နိုင်ငံ ယာယီနယ်စပ်ဂိတ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

.
နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရေး အတွက် ချင်းရွှေဟော်-မုန်တိန် (မိန်းတိန်) ဂိတ်သစ်ကို ဖွင့်လှစ်နိုင်ရန် ရန်လုံကျိုင်းတံတားကို ပြုပြင် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယင်း ကာလအတွင်း BP-125 အနီး၌ ယာယီဂိတ်ပေါက်အဖြစ် ဆောင်ရွက်ရန် ဇွန်လ တတိယပတ်က စတင်၍ စီစဉ်နေခြင်း ဖြစ်‌ကြောင်း စစ်ကောင်စီ၏ သတင်း ဖော်ပြချက်များအရ သိရသည်။
.
အဆိုပါ BP-125 အနီးရှိ နှစ်နိုင်ငံယာယီ နယ်စပ်ဂိတ် ဖွင့်လှစ်မည့်နေရာ၊ Quarantine Center ဆောင်ရွက်မှု အခြေအနေနှင့် ရန်လုံကြိုင်းတံတားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အဖွဲ့က စက်တင်ဘာလ ၂၁ ရက်တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
.
ထို့အတူ စက်တင်ဘာလ ၂၀ ရက်တွင်လည်း လောက်ကိုင်မြို့အဝင် နေရာ၌ တည်ဆောက်လျက် ရှိသည့် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား မင်း ၃ ပါး ရုပ်တုများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က သွားရောက် ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် BP-125 အပါအဝင် လောက်ကိုင်မြို့နယ်တွင် MNDAA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်မှု ဖြစ်ပွားခဲ့သည့်အပြင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ အတွင်းက BP-125 အနီး၌ တရုတ်ဘက်မှ ခြံစည်းရိုး ကာရံမှုများ ပြုလုပ်ခဲ့သည့်အတွက် မြန်မာဘက်က ကန့်ကွက်မှုများ ပြုလုပ်ခဲ့သေးသည်။
.
#KBZTai  #Shan  #News23Sep2021
.
[ Photo - Local ]

Journal Download

Photo of three cats