ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)၌ ဖမ်းဆီးထိန်းသိမ်း ခံထားရသူများကို လာမည့် စက်တင်ဘာလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့မှ စတင်၍ ရုံးထုတ် စစ်ဆေးဖွယ်ရှိပြီး မည်ကဲ့သို့ စစ်ဆေးမည်ကိုမူ အတိအကျ မသိရသေးကြောင်း သိရသည်။
.
" အခု လာမယ့် ဗုဒ္ဓဟူးနေ့မှာ ၊ အောက် (ထောင်တွင်းတရားရုံး) ဆင်း စစ်ဖြစ်မယ်လို့ ထင်တယ်၊ မသေချာသေးဘူး။ သူတို့ကတော့ ဒီပိုး ပြီးရင် (COVID-19 ကူးစက်မှုအား ထိန်းချုပ်နိုင်) စ စီစဉ်ပေးမယ်လို့ ပြောထားတာ။ ခုထိတော့ Vedio Conferencing နဲ့ လုပ်မယ်လို့လည်း ပြောနေသေးတယ်၊ ဗုဒ္ဓဟူးနေ့က စပြီး စစ်မယ်လို့လည်း ပြောတယ်။ " ဟု ဖမ်းဆီးခံရသူများအား ကူညီပေးနေသူ တစ်ဦးက ပြောသည်။
.
ညောင်ရွှေအကျဉ်းထောင် အတွင်း၌ COVID-19 ကူးစက် ပျံ့နှံ့မှုသည် ယခုမှ တည်ငြိမ်စ အခြေအနေသာ ရှိကြောင်းနှင့် COVID-19 ကြောင့် သေဆုံးခဲ့ရသူ၊ အနံ့ပျောက်သူ၊ ဖျားနာသူများလည်း ရှိခဲ့ကြောင်း ၎င်းထံမှ သိရသည်။
.
ပြီးခဲ့သည့် ဇွန်လ တတိယပတ်မှ စတင်၍ ရုံးထုတ် စစ်ဆေးမှုများကို ရပ်နားခဲ့ခြင်း ဖြစ်ပြီး ၃ လခန့် အကြာတွင် ရုံးထုတ် စစ်ဆေးမှုများ ပြန်လည် ဆောင်ရွက်ရန် စီစဉ်နေခြင်း ဖြစ်သည်။
.
ညောင်ရွှေအကျဉ်းထောင်၌ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် အသီးသီးမှ ဖမ်းဆီးခံထားသည့် နိုင်ငံရေးအကျဉ်းသား/အချုပ်သား၂၀၀ ဦးခန့်ကို ထိန်းသိမ်းချုပ်နှောင်ထားခြင်း ဖြစ်ပြီး တောင်ကြီးမြို့နယ်မှ အများဆုံး ဖမ်းဆီးခံထားရကြောင်း သိရသည်။
.
#KBZTai #Shan #News20Sep2021