အမေရိကန်ဒေါ်လာ ၁၀ သန်းကို ပျမ်းမျှ ငွေလဲနှုန်း ၁၇၅၅ ကျပ်ဖြင့် စက်တင်ဘာလ ၂၂ ရက်တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ထပ်မံ ရောင်းချခဲ့ကြောင်း သိရသည်။
.
ယခု ရောင်းချမှုသည် စက်တင်ဘာလ အတွင်း ၄ ကြိမ်မြောက် ရောင်းချမှု ဖြစ်ကာ စက်တင်ဘာလ ၁၃ ရက်မှ ၂၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၃၈ သန်းကို ပျမ်းမျှငွေလဲနှုန်း ၁၇၅၀ ကျပ်ဖြင့် ရောင်းချမှု ပြုလုပ်ခဲ့သေးသည်။
.
အဆိုပါ နိုင်ငံခြားငွေ ရောင်းချမှုအဖြစ် AD လိုင်စင်ရဘဏ် ၉ ခုသို့ ရောင်းချပေးခြင်း ဖြစ်ပြီး၊ ယင်း ဘဏ်များက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်ရေး ဗဟိုကော်မတီမှ စိစစ်ပေးပို့သော ကုမ္ပဏီများသို့ သတ်မှတ်ပေးထားသည့် ပမာဏအတိုင်း ရောင်းချပေးခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
.
အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၂၂ ရက်ထိ စစ်ကောင်စီ၏ ဗဟိုဘဏ်က ဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ စုစုပေါင်း ၁၆၉ ဒသမ ၈ သန်းကို ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #News23Sep2021