ကျပ်သိန်း ၁၈၀ ကျော် တန်ဖိုးရှိ ပစ္စည်းများကို တရုတ်ဗုဒ္ဓဘာသာ ယဥ်ကျေးမှုအဖွဲ့က ခိုလမ်တွင် လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျပ်သိန်း ၁၈၀ ကျော် တန်ဖိုးရှိ ပစ္စည်းများကို တရုတ်ဗုဒ္ဓဘာသာ ယဥ်ကျေးမှုအဖွဲ့က ခိုလမ်တွင် လှူဒါန်း


COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွင် အသုံးပြုရန်အတွက် မော်တော်ယာဥ် တစ်စီး အပါအဝင် ကျပ်သိန်း ၁၈၀ ကျော် တန်ဖိုးရှိ ပစ္စည်းများကို တရုတ်ဗုဒ္ဓဘာသာ ယဥ်ကျေးမှုအဖွဲ့က ခိုလမ်မြို့တွင်စက်တင်ဘာ ၁၃ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ဆေးရုံနှင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီတို့အတွက် ခိုလမ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ခိုလမ်မြို့ရှိိ တရုတ်ဗုဒ္ဓဘာသာ ယဥ်ကျေးမှုအဖွဲ့မှ စုပေါင်း၍ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းများတွင် ဆောင်ရွက်ရန် ALPHARD မော်တော်ယာဉ် ၁ စီး၊ Patient Monitor ၂ လုံး၊ Oxygen Concentrator Airsep ၂ လုံး၊ DEADBODY (Plastic)ဇစ်ပါ ၃၀ စုံ၊ ဆေးဖျန်းပုံးဘက်ထရီပါ ၂ လုံး၊ စောင်/ခေါင်းအုံး/အိပ်ယာခင်း/ဖျာ ၃၅ စုံနှင့် COVID-19 ကာကွယ်ရေး ပစ္စည်းများ (စုစုပေါင်း တန်ဖိုးငွေကျပ် ၁၈၅၈၁၅၀၀) ကို ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

◾ခင်လေးဝင်း (ခိုလမ်)

Journal Download

Photo of three cats