ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်မှ ပို့ဆောင်သည့် ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများကို ပုသိမ်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပြင်ဦးလွင်မှ မန္တလေးသို့ နိုင်ဇော်ထွန်း မောင်းနှင်လာသည့် HINO TRUCK ၁၂ ဘီးမော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ ဆာလာအိတ် ၁၀ အိတ်အတွင်းမှ ဆပ်ပြာခွက် ၂၃၁၀ ခွက်ဖြင့် ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၃ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း CCDAC က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ သိမ်းဆည်းရမိ ဘိန်းဖြူများအား သီပေါမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်သို့ သယ်ဆောင်စဥ် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကာ ၎င်းအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #News24Sep2021