မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၀၀၀ ခန့် ထွက်ပြေးနေကြရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၀၀၀ ခန့် ထွက်ပြေးနေကြရ


လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း၌ RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွား၍ စစ်ရေး တင်းမာနေမှုကြောင့် ဒေသခံပြည်သူ ၂၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

.
ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် RCSS/SSA နှင့် SSPP/SSA တို့သည် စက်တင်ဘာလ ၁၄ ရက်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့တိုင် စစ်ရေး တင်းမာမှုများ ရှိနေ‌ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တိုက်ပွဲ ဖြစ်ပွား၍ နှစ်ဘက်တပ်များ စစ်ရေးတင်းမာနေခြင်း‌ကြောင့် ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံ ပြည်သူ ၂၀၀၀ ခန့်သည် ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တုံလောကျေးရွာအုပ်စု မတ်ချီးနူကျေးရွာနှင့် ဟမ်းငိုင်းကျေးရွာအုပ်စု နောင်တောင်းကျေးရွာများသို့ စစ်ဘေးရှောင် အဖြစ် ထွက်ပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
.
အဆိုပါ စစ်ဘေးရှောင် ပြည်သူများတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်သည်များလည်း ပါဝင်နေပြီး လတ်တလောတွင် ဆေးဝါး၊ အစားအသောက်နှင့် မိုးကာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
.
#KBZTai  #Shan  #News17Sep2021

Journal Download

Photo of three cats