တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ပြည်သူ ၈၀၀ ခန့်ကို အေးမေတ္တာ ပရဟိတ လူမူကူညီရေးအသင်းက စက်တင်ဘာလ ၈ ရက်၊ ညနေပိုင်းတွင် အစားအသောက်များ ပေးဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
" အေးသာယာ၊ အမှတ်(၉) ရုံးမှာ ထမင်း၊ ပဲကုလားဟင်း၊ ကြက်သားနဲ့ ဘာလချောင်ကြော်ကို လူ ၈၀၀ စာ လှူဒါန်းခဲ့တာပါရှင့်။ " ဟု အေးမေတ္တာ ပရဟိတ လူမူကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ အသင်းအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်ကလည်း ဆန်၊ ဆား၊ ဆေး၊ ကြက်သွန်နှင့် သီးနှံများကို လှူဒါန်းပေးခဲ့ပြီး လာမည့် စက်တင်ဘာလ ၁၅ ရက်တွင်လည်း ထပ်မံ လှူဒါန်းရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
အေးသာယာမြို့ရှိ စားဝတ်နေရေး ခက်ခဲနေသော ပြည်သူများအား အေးမေတ္တာ ပရဟိတ လူမူကူညီရေးအသင်း မှတဆင့် လှူဒါန်းလိုပါက ဖုန်း ၀၉၂၅၄၉၃၇၀၁၉ ၊ ၀၉၄၂၄၉၁၁၂၃၅ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
.
#KBZTai #Shan #Ayetharyar #9Sep2021