တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ နယ်မြေ(၈) တွင် ယနေ့ စက်တင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက မိုးသည်းစွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
" မြေပြိုတာ မှန်ပါတယ်။ လူ ထိခိုက်တာတော့ မရှိပါဘူး။ အဆောက်အဦ နည်းနည်းပါးပါး ထိခိုက်တာလောက်ပဲ ရှိပါတယ်။ အားလုံးကို ဒီနေ့ အပြီး ရှင်းလင်း ဖယ်ရှားပြီး ဖြစ်ပါတယ်။" ဟု တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ပြောသည်။
.
အဆိုပါ မြေပြိုမှုအား မီးသတ်တပ်ဖွဲ့ဝင်နှင့် ပြည်သူ ၂၀ ဦးကျော်ခန့်က ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ တစ်စုံတရာ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #4Sep2021