ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အသီးသီးတွင် တာဝန် ထမ်းဆောင်ရန် ကျန်းမာရေးမှူး(၄)(ပြည်သူ့ကျန်းမာရေးကြီးကြပ် - ၂ )ကို ကျောထောက် နောက်ခံပြုပြီး ဘက်စုံကျန်းမာရေးဝန်ထမ်းများအဖြစ် ၂၀၃ ဦးကို ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာလ ၂၀ ရက်တွင် ခန့်အပ်ခဲ့ကြောင်း သိရသည်။
.
၎င်းတို့ကို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခန့်အပ်ခြင်း ဖြစ်ပြီး လုပ်သက် ၂ နှစ် မပြည့်ဘဲ ထွက်ပါက လျော်ကြေးငွေ ကျပ် ၅ သိန်း ပေးရမည်ဟု အမိန့်စာတွင် ဖော်ပြထားသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အသီးသီးတွင် တာဝန် ထမ်းဆောင်ရန် ၂၂၄ ဦးကို ဘက်စုံကျန်းမာရေးဝန်ထမ်းများအဖြစ် စက်တင်ဘာလ ၂၁ ရက်တွင် ခန့်အပ်ခဲ့ကြောင်းလည်း သိရသည်။