တောင်ကြီးခရိုင်၊ ရပ်စောက်မြို့ရှိ ရပ်ကွက်အချို့၌ စက်တင်ဘာလ ၇ ရက်၊ နံနက်မှ စ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ဂျီချောင်းရေ လျှံတက်လာပြီး ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်ရှိ လူနေအိမ်များအတွင်းသို့ ၁ ပေမှ ၅ ပေထိ ရေများ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၅၀ ခန့်သို့ ရေဝင်ခဲ့ရာ ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များ၊ စေတနာ့ဝန်ထမ်းများက လူနှင့် တိရစ္ဆာန်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
.
Source - We Love Yatsouk