ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို တောင်ကြီး၊ ဆီဆိုင်နှင့် လွိုင်လင်မြို့နယ်တို့တွင် သီးခြားစီ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို တောင်ကြီး၊ ဆီဆိုင်နှင့် လွိုင်လင်မြို့နယ်တို့တွင် သီးခြားစီ ပြုလုပ်


(၄၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို တောင်ကြီးမြို့နယ် (ကျောက်တလုံးကြီးမြို့)၊ ဆီဆိုင်မြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့၌ စက်တင်ဘာလ ၂၅ ရက်တွင် အဖွဲ့အစည်း အသီးသီးက သီးခြားစီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်းကျေးရွာအနီးရှိ ပအိုဝ်းအမျိုးသားအာဇာနည်ကုန်း၌ PNO က လည်းကောင်း၊ ဆီဆိုင်မြို့တွင် ပအိုဝ်းလူငယ်အစည်းအရုံးက လည်းကောင်း၊ လွိုင်လင်မြို့နယ် ကောင်ခယ်းဒေသတွင် PNA အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့က လည်းကောင်း ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ PNLO/PNLA အဖွဲ့ကလည်း ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

.

အဆိုပါ အခမ်းအနားများတွင် ပအိုဝ်းအမျိုးသားအလံ တင်ခြင်း၊ ပအိုဝ်းအမျိုးသားအလံအားအလေးပြုခြင်း၊ ပအိုဝ်းအမျိုးသား အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားအလံအား အလံတိုင် တဝက်ချ လွှင့်ထူကာ အောက်မေ့သတိရ ဝမ်းနည်းခြင်းအနေဖြင့် တစ်မိနစ်ခန့် ငြိမ်သက်စွာ နေခြင်း၊ လွမ်းသူပန်းခွေ ချခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ပအိုဝ်းအမျိုးသား အာဇာနည်နေ့ကို ပအိုဝ်းအမျိုးသားခေါင်းဆောင် သထုံဖြားဗွာ ဦးလှဖေ ကွယ်လွန်ခဲ့သည့်နေ့ကို သတ်မှတ်ခြင်း ဖြစ်ပြီး နှစ်စဉ် တော်သလင်းလဆုတ် ၅ ရက် (သို့မဟုတ်) စက်တင်ဘာလ ၂၄ ရက်ကို သတ်မှတ်ကြကြောင်း သိရသည်။

Journal Download

Photo of three cats