တောင်ကြီးမြို့နယ်တွင် ငွေကျပ် ၁၁ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်တွင် ငွေကျပ် ၁၁ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိ

တောင်ကြီးမြို့နယ်၊ တောင်ကြီး - မိုင်းပျဉ်းသွား ကားလမ်း၊ နန်းဟောင်းကျေးရွာအုပ်စု၊ နောင်ပယ် ကျေးရွာတံတား အနီး၌ စက်တင်ဘာလ ၁၇ ရက်၊ နေ့လယ်ပိုင်းတွင် ငွေကျပ် ၁၁ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။

.
ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုင်းပျဉ်းဘက်မှ တောင်ကြီးဘက်သို့ ဖြိုးဝေကျော် (ခ) အောင်ဖြိုး၀င်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၀၀ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၁ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း CCDAC က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
အဆိုပါ စိတ်ကြွရူးသွပ် ဆေးပြားများနှင့်အတူ ဖမ်းဆီးခဲ့သည့် ဖြိုးဝေကျော် (ခ) အောင်ဖြိုး၀င်း အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
.
#KBZTai  #Shan  #News19Sep2021

Journal Download

Photo of three cats