တောင်ကြီး သုဿာန်တွင် နာရေးယာဉ်များ ထပ် နေသဖြင့် ဂရုစိုက်ကြရန် စေတနာ့ဝန်ထမ်းက မေတ္တာရပ်ခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး သုဿာန်တွင် နာရေးယာဉ်များ ထပ် နေသဖြင့် ဂရုစိုက်ကြရန် စေတနာ့ဝန်ထမ်းက မေတ္တာရပ်ခံ


တောင်ကြီးမြို့ရှိ တိုင်းရင်းသားပေါင်းစုံ သုဿာန်၌ ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် နာရေးယာဉ်များ ထပ်နေသဖြင့် ဂရုစိုက်ကြရန် စေတနာ့ဝန်ထမ်း တစ်ဦးက မေတ္တာရပ်ခံခဲ့သည်။

.
" ဂရုစိုက်ပေးကြပါဦး။ သုဿာန်မှာ နာရေးကားတွေ ထပ်နေပြီ။ ဒီနေ့ အခု ချိန်ထိ (စက်တင်ဘာ ၁၅ ရက်၊ ၁၁ နာရီခန့်) ၁၃ ဦး၊ သဂြိုလ် ပြီးစီးနေ၊ ထပ်ရောက်လာမှာ ၇ ဦး ရှိသေးဟု သိရ။ အရင်ရက်တွေက သေဆုံးနှုန်း ကျဆင်းနေပေမဲ့ ဒီနေတော့ အထူး များလာပြန်ပြီ။ ကျွန်တော်တို့လည်း နောက်ထပ် တစ်ဦး သွားသယ်ရအုံးမယ်။" ဟု စေတနာ့ဝန်ထမ်း ကိုဝင်းနိုင်စိုး ၎င်း၏ လူမှုကွန်ရက်မှ တဆင့် မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သေဆုံးနှုန်း လျော့နည်းလာသော်လည်း ယခုတွင် ပြန်လည် များပြားလာခြင်း ဖြစ်သည်။
.
‌Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နယ် တစ်ခုလုံးတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက စုစုပေါင်း ၅၄၉ ဦး၏ ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ခဲ့ရပြီး ယင်းအနက် ၂၇၇ ဦးမှာ COVID-19 ဖြင့် သေဆုံးရသူများ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats