အမေရိကန် ရှမ်းတိုင်းရင်းသားများအဖွဲ့ (Shan American Community - SAC) မှ ဦးစီး၍ နယူးရောက်မြို့၌ ရှမ်းရိုးရာ အစားအစာနှင့် တိုင်းရင်းသားပေါင်းစုံ ဈေးရောင်းပွဲတော်ကို စက်တာဘာလ ၁၈ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဈေးရောင်းပွဲတော်ကို SAC က ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်ကာ ဈေးရောင်းပွဲတော်၌ ရှမ်း အစားအစာများ ရောင်းချခဲ့သည့်အပြင် ရှမ်းရိုးရာ အိုးစည်ဗုံမောင်း၊ တိုးနယား၊ ကိန္နရီအကများဖြင့်ပါ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
.
ဈေးရောင်းပွဲတော်မှ ရရှိလာသည့် ရန်ပုံငွေများကို ရှမ်းပြည်နယ်နှင့် အခြားတိုင်းရင်းသား စစ်ဘေးရှောင် ဒုက္ခသည်များ၊ အခြားလူသားချင်းစာနာထောက်ထားမှု လိုအပ်သည့် နေရာများတွင် လှူဒါန်းမည်ဟု အမေရိကန် ရှမ်းတိုင်းရင်းသားများအဖွဲ့ (Shan American Community - SAC)က ထုတ်ပြန်ထားသည်။