မူဆယ်မြို့တွင် ငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို စက်တင်ဘာလ ၁၉ ရက်၊ နေ့လယ်ပိုင်းက ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ခိုဝိန်းနယ်မြေ၊ အမှတ်(ခဝ/၁၃၇)၊ အခန်း (၁၀)တွင် ငှားရမ်းနေထိုင်သူ ကျောက်ကွမ်ကြူ (ခ) ကျောက်ကျုံး ၏ နေအိမ်အား သတင်းအရရှာဖွေရာ နေအိမ်အတွင်း မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀၀၀၀ ပြားနှင့် စိတ်ကြွ ဆေးပြားအကြေ ၂ ဒသမ ၄ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း CCDAC က ယနေ့တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
အဆိုပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ကျောက်ကွမ်ကြူ (ခ) ကျောက်ကျုံးအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #News20Sep2021