![]() |
Photo ; Shwe Chuu |
တောင်ကြီး-အေးသာယာ အဆင်းလမ်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ စက်တင်ဘာလ ၈ ရက်၊ နံနက် ၁၁ နာရီကျော်ခန့်က မြေပြိုမှု ဖြစ်ပွားကာ လမ်းပေါ် ရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မိုးသည်းစွာ ရွာသွန်းချိန်များတွင် တောင်ကြီး-အေးသာယာ အတက်/အဆင်းလမ်းများတွင် ယင်းကဲ့သို့ မြေပြို၍ လမ်းပေါ်ရေလျှံမှု ဖြစ်ပေါ်လေ့ ရှိကာ ယာဉ် မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွားလျက် ရှိသည်။
.
တောင်ကြီးမြို့နှင့် အေးသာယာမြို့အား အတက်လမ်း/အဆင်းလမ်း ၂ လမ်းဖြင့် မောင်းနှင် သွားလာနိုင်ပြီး အကြောင်း အမျိုးမျိုးကြောင့် လမ်း ပိတ်ဆို့မှု ဖြစ်နေချိန်များတွင် ကရင်မရေထွက်ဘက်မှ သွားရောက်ရသည့် ရှောင်ကွင်းလမ်းသစ်မှ မောင်းနှင်သွားလာနိုင်ကာ ယင်းရှောင်ကွင်းလမ်းကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက ဖောက်လုပ်ထားခြင်း ဖြစ်သည်။