တရုတ်ဘက်က ခြံစည်းရိုး ကျူးကျော်ကာရံမှုအပေါ် ကန့်ကွက်မှုများ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်ဘက်က ခြံစည်းရိုး ကျူးကျော်ကာရံမှုအပေါ် ကန့်ကွက်မှုများ ပြုလုပ်မည်


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း၏ ၁၀ မီတာအတွင်း ဝင်ရောက်ပြီး တရုတ်ဘက်က ခြံစည်းရိုး ကာရံထားမှုအပေါ် မြန်မာဘက်က ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

.
ယင်းကဲ့သို့ ကန့်ကွက်မှု ပြုလုပ်မည်ကို ယနေ့ စက်တင်ဘာလ ၂၇ ရက်ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားခြင်း ဖြစ်ပြီး မည်ကဲ့သို့ ကန့်ကွက်မှုများ ပြုလုပ်မည်ကိုမူ ဖော်ပြထားခြင်း မရှိ‌ပေ။


ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ဝင်များသည် ရှောက်ကန်းထန်ရွာအနီးရှိ နယ်နိမိတ်ကျောက်တိုင်အမှတ် BP 141၊ ရှီမင်ခန်ရွာအနီးရှိ BP 142 နှင့် BP 142–1 တို့ကို စက်တင်ဘာလ ၂၅ ရက်တွင် သွားရောက် စစ်ဆေးစဉ် နယ်နိမိတ်မျဉ်း၏ ၁၀ မီတာအတွင်းသို့ ဝင်ရောက်နေသည်ကို စစ်ဆေးတွေ့ရသည်ဟု သတင်းစာတွင် ဖော်ပြပါရှိသည်။
.
ထို့အတူ စက်တင်ဘာလ ၂၁ ရက်တွင် နယ်မြေခံ တပ်ရင်းက သွားရောက် စစ်ဆေးစဉ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း ၁၀ မီတာနှင့် လွတ်ကင်း‌သော်လည်း ပူးပေါင်းအဖွဲ့ ထပ်မံစစ်ဆေးရာတွင်မူ ယခင်ခြံစည်းရိုးကို ဖြုတ်၍ နေရာ ရွှေ့ထားသည်ကို တွေ့ရကြောင်း သိရသည်။
.
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်အတွင်းသို့ တရုတ်ဘက်က ကျူးကျော်ခြံစည်းရိုး ကာရံမှုများကို နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင်လည်း ဆောင်ရွက်မှု ရှိသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
.
#KBZTai  #Shan  #News27Sep2021

Journal Download

Photo of three cats