စက်သုံးဆီဈေးနှုန်း ၁၀ ရက်အတွင်း တစ်လီတာလျင် ၂၄၀ ကျပ်အထိ မြင့်တက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စက်သုံးဆီဈေးနှုန်း ၁၀ ရက်အတွင်း တစ်လီတာလျင် ၂၄၀ ကျပ်အထိ မြင့်တက်


ရှမ်းပြည်နယ် အတွင်း၌ စက်သုံးဆီဈေးနှုန်းမှာ ၁၀ ရက်အတွင်း တစ်လီတာလျင် ၂၄၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်က တစ်လီတာလျှင် Diesel ၁၂၇၅ ကျပ်၊ Premium ၁၂၉၅ ကျပ်၊ 92 Ron ၁၂၉၅ ကျပ်၊ 95 Ron ၁၃၈၅ ကျပ် ရှိပြီး ယနေ့ စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် တစ်လီတာလျှင် Diesel ၁၅၁၅ ကျပ်၊ Premium ၁၅၃၅ ကျပ်၊ 92 Ron ၁၅၃၅ ကျပ်၊ 95 Ron ၁၆၂၅ ကျပ် ရှိကြောင်း သိရသည်။

.

အဆိုပါ စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီစျေးမှာ ၁၀ ရက် အတွင်း ၂၄၀ ကျပ်အထိ မြင့်တက်လာသည်ကို တွေ့ရပြီး ရောင်းချသည့် ဆိုင်နှင့် နေရာဒေသအပေါ်တွင် မူတည်၍ ဈေးနှုန်း ကွာဟမှုများ ရှိ‌နိုင်ကြောင်းလည်း သိရသည်။

.

စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် စစ်ကောင်စီ၏ စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် MPTA တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်မှ ၁၁ ဆိုင် အပါအဝင် တစ်နိုင်ငံလုံးရှိ အရောင်းဆိုင်များအနက် ၁၆၄ ဆိုင်တွင် ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက် ရှိကြောင်းကို ထုတ်ပြန်ကြေညာထားသည်။

.

ယင်းကဲ့သို့ ရောင်းချပေးမှုမှာ တရားဝင် စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်များအကြား မျှတမှု မရှိသည့်အပြင် စက်သုံးဆီ မြင့်တက်မှုအား ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်ကြောင်း စက်သုံးဆိုင်အရောင်းဆိုင် ပိုင်ရှင်အချို့က သုံးသပ်နေကြသည်။

Journal Download

Photo of three cats