အခြေခံပညာကျောင်းများအား အောက်တိုဘာ ၂၄ ရက်ထိ ဆက် ပိတ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အခြေခံပညာကျောင်းများအား အောက်တိုဘာ ၂၄ ရက်ထိ ဆက် ပိတ်မည်


ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါအဝင် အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၂၄ ရက်ထိ ဆက်လက်၍ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

.
COVID-19 ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရန်အတွက် ယာယီပိတ်ထားမည်ဟု COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၄ ရက်ထိ COVID-19 ပိုး ရှိသူ စုစုပေါင်း ၄၅၅၀၇၄ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၁၇၄၁၃ ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ ၄၀၈၂၉၂ ဦး ရှိသည်ဟု စစ်ကောင်စီ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats