စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသည့် ကွတ်ခိုင်မြို့နယ်၊ မန်ပူးကျေးရွာမှ ဒေသခံများအား အလှူရှင်တွေကိုယ်စား နမ့်ဖတ်ကာရှိ တောင်တန်းဒေသ မျိုးဆက်သစ်လူငယ်အဖွဲ့က အခြေခံ စားသောက်ကုန်များကို စက်တင်ဘာလ ၅ ရက်က ခက်ခက်ခဲခဲ သွားရောက် ကူညီ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာဘက်သို့ သွားရောက်ရာ လမ်းအများစုမှာ မြေသားလမ်း ဖြစ်ခြင်းကြောင့် မိုးတွင်းကာလ၌ လမ်းများ နှစ်စဥ် ပျက်စီးနေရခြင်း ဖြစ်သည့်အတွက် လူငယ် ပရဟိတအဖွဲ့ အနေဖြင့် ခက်ခက်ခဲခဲ သွားရောက်ခဲ့ရခြင်း ဖြစ်သည်။
ဝေးလံသည့် ကျေးရွာလူထုအတွက် လိုအပ်သည်များ ပါဝင် ကူညီလိုသူများ အနေဖြင့် ဖုန်း 09409 338422, 09444922166, 09453568605 သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။