မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲအရှိန် လျော့ချပေးရန် နာရေးကူညီမှု အသင်းက မေတ္တာရပ်ခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲအရှိန် လျော့ချပေးရန် နာရေးကူညီမှု အသင်းက မေတ္တာရပ်ခံ

မိုင်းကိုင်မြို့နယ်တွင် လက်ရှိ ဖြစ်ပွားနေသော RCSS/SSA နှင့် SSPP/SSA အပါ မဟာမိတ်များ အားလုံး တိုက်ပွဲအရှိန် လျော့ချပေးရန် သံဃာ့ဩဝါဒခံ နာရေးကူညီမှု အသင်းက ယနေ့ စက်တင်ဘာလ ၂၂ ရက်တွင် မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့သည်။

.

တိုက်ပွဲကြောင့် ရှမ်းပြည်တိုင်းရင်းသားများ အားလုံး စိုးရိမ်ပူပန်ကာ ဒုက္ခပေါင်းစုံ ကြုံတွေ့နေရသောကြောင့် လူ့ အခွင့်အရေးကို ငဲ့ညှာပြီး တိုက်ပွဲ အရှိန်ကို လျော့ချပေးရန် အတွက် မေတ္တာရပ်ခံ‌ကြောင်း ထုတ်ပြန်စာတွင် ဖော်ပြ ပါရှိသည်။

.

မိုင်းကိုင်မြို့နယ်တွင် RCSS/SSA နှင့် SSPP/SSA တို့၏ တိုက်ပွဲနှင့် စစ်ရေး တင်းမာနေမှုကြောင့် ဒေသခံပြည်သူ ၂၀၀၀ ကျော်သည် နေအိမ်များကို စွန့်ခွာ၍ စစ်ဘေးရှောင် ထွက်ပြေးနေကြရကြောင်း သိရသည်။

Journal Download

Photo of three cats