မိုင်းရယ်မြို့နယ်တွင် သေနတ် ၉ လက်နှင့် ကျည်များ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းရယ်မြို့နယ်တွင် သေနတ် ၉ လက်နှင့် ကျည်များ သိမ်းဆည်းရမိ

 


လားရှိုးခရိုင်၊ မိုးရယ်မြို့နယ်တွင် လူငယ် ၃ ဦးထံမှ သေနတ် ၉ လက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့များသည် မိုင်းရယ်မြို့နယ်၊ ဟိုယ ကျေးရွာနှင့် နမ္မတုံးကျေးရွာကြား၌ ယမန်နေ့ (စက်တင်ဘာ ၈ ရက်) နေလယ် ၂ နာရီကျော်ခန့် တွင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းရယ်မြို့နယ်ဘက်မှ  လားရှိုးဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 1J-1547 (Crown Athlete) အဖြူရောင်ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်၏ နောက်ခုံကျောမှီအတွင်း သိုဝှက်ထည့်သွင်း သယ်ဆောင်လာသည့် သေနတ် ၉ လက်နှင့် ကျည်မျိုးစုံ ၅၉ တောင့်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစိကြောင်း သိရသည်။
.
အဆိုပါ လက်နက်နှင့် ကျည်များ ပါရှိလာသည့် ယာဉ်မှ ယာဉ်မောင်း ဖြစ်သူ မူဆယ်မြို့နေ စိုင်းလင်းအောင်ခိုင်၊ ၎င်း၏ ဇနီး နန်းမိုအေး နှင့် နမ့်ခမ်းမြို့နေ စိုင်းစိုးမိုးအောင်တို့ကို ရှမ်းလက်နက် ပုဒ်မ (၁၂) အရ မိုင်းရယ်မြို့ မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
#KBZTai  #Shan  #Mongyai #9Sep2021

Journal Download

Photo of three cats