ဟိုပုံးမြို့မဈေးကို စက်တင်ဘာ ၃၀ ရက်မှ စတင်၍ ဈေးနေ့တွင် အချိန် ကန့်သတ်ချက်ဖြင့် ဖွင့်ခွင့်ပြုမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့မဈေးကို စက်တင်ဘာ ၃၀ ရက်မှ စတင်၍ ဈေးနေ့တွင် အချိန် ကန့်သတ်ချက်ဖြင့် ဖွင့်ခွင့်ပြုမည်



ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ မြို့မဈေးအား စက်တင်ဘာလ ၃၀ ရက်မှ စတင်၍ ဈေးနေ့တွင် အချိန် ကန့်သတ်ချက်ဖြင့် ဖွင့်ခွင့်ပြုမည်ဟု မြို့နယ်စည်ပင်သာယာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

.

ဟိုပုံးဈေးနေ့ (၅ ရက်လျှင် ၁ ရက်) တွင်သာ နံနက် ၅ နာရီမှ ညနေ ၄ နာရီထိ ရောင်းချခွင့် ရမည် ဖြစ်ပြီး ကျန်ဈေးနေ့ မဟုတ်သည့် ၄ ရက်တွင် ဈေးအား ဆက်လက်ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

.

ဈေးရောင်းချမည့် ဈေးသည်များအနေဖြင့် တစ်ဆိုင်လျင် ၂ ဦးသာ ရောင်းချရန်၊ COVID-19 ရှိ/မရှိ စစ်ဆေးပြီးမှသာ ရောင်းချရန်နှင့် ကာကွယ်ဆေး ထိုးနှံပြီးသူသာ ရောင်းချရန် အပါအဝင် COVID-19 ဆိုင်ရာ စည်းကမ်းများကို လိုက်နာကြရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

.

ထို့အတူ လက်ရှိ ကျွဲ/နွားပွဲဈေး၌ ရောင်းချနေသည့် ပျံကျဈေးသည်များမှာ ယင်းနေရာတွင်သာ ဆက်လက် ရောင်းချရန်နှင့် မြို့တွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များမှာလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ကိုလည်း အသိပေးကြေညာချက်၌ ဖော်ပြထားသည်။

.

ဟိုပုံးမြို့မဈေးကို ဇူလိုင်လ ၂၂ ရက်မှ စတင်၍ ယာယီပိတ်ထားခြင်း ဖြစ်ပြီး ၂ လအကြာတွင် ကန့်သတ်ချက်များဖြင့် ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

ဟိုပုံးမြို့နယ်တွင် တတိယလှိုင်းကာလ ယနေ့ စက်တင်ဘာလ ၂၇ ရက်ထိ COVID-19 ပိုး ရှိသူ ၈၃၅ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရသူ ၇၂၈ ဦးရှိ၍ သေဆုံးသူ ၁၆ ဦး ရှိကြောင်း သိရသည်။

Journal Download

Photo of three cats