ဒုတိယအကြိမ် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး စိုင်းရှဲန်တစ်လုံသည် စက်တင်ဘာလ ၂၀ ရက်က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် ခံထားရကြောင်း သိရသည်။
.
CRPH နှင့် NUG နှင့် ချိတ်ဆက်မှု ရှိသည်ဟု ဆိုကာ မိုင်းယုနယ်မြေရဲစခန်းတွင် (ပ) ၅/၂၀၂၁ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့် ခံထားရခြင်း ဖြစ်ကြောင်း သိရသည်။
.
စိုင်းရှဲန်တစ်လုံသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၌ ဆန္ဒမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့သူ ဖြစ်သည့် အပြင် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်သည်။
.
စိုင်းရှဲန်တစ်လုံ အပါအဝင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ ထွန်းလှိုင် တို့သည် ပြီးခဲ့သော ဇူလိုင်လ ၁၆ ရက်တွင် တောင်ကြီးမြို့မရဲစခန်း၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် ခံထားရကြောင်းလည်း သိရသည်။
.
#KBZTai #Shan #News22Sep2021