လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ဝမ့်ဖိုင်အုပ်စု၊ ဝမ့်မိုင်နောင်လုံကျေးရွာတွင် ရှေးဟောင်းဆင်းတုတော်နှင့် လက်ဝတ်ရတနာများကို စက်တင်ဘာ ၁၂ ရက်က တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ဝမ့်မိုင်နောင်လုံ ကျေးရွာဘုန်းကြီးကျောင်းဝင်း အတွင်း၌ ရှေးဟောင်းစေတီ ၁၀ ဆူခန့် ရှိပြီး ယင်းစေတီများအား ပြုပြင် မွမ်းမံနေစဉ် ရှေးဟောင်း ဆင်းတုတော်နှင့် လက်ဝတ်ရတနာများကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရှေးဟောင်းပစ္စည်းများမှာ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်း ရှိမည်ဟု ဒေသခံများက ခန့်မှန်းထားပြီး ယင်း ရှေးဟောင်းပစ္စည်းများကို မည်သို့ ဆောင်ရွက်မည်ကိုမူ ဆရာတော်နှင့် ဂေါပက အဖွဲ့တို့ ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
[ Source & Photo - SI Mwe Onn / Tai TV Online]