ရွာငံမြို့နယ်တွင် ငွေကျပ် ၆၅၁ သိန်း တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်တွင် ငွေကျပ် ၆၅၁ သိန်း တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းမိ

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ငွေကျပ် ၆၅၁ သိန်း တန်ဖိုးရှိ ဘိန်းဆီခဲများကို စက်တင်ဘာလ ၅ ရက်၊ ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း သိရသည်။

.
ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရွာငံမြို့နယ်၊ ရွာငံ- ကျောက်ဆည် သွားကားလမ်းတွင် ရွာငံ ဘက်မှ ကျောက်ဆည် ဘက်သို့ ကိုကိုလတ် (ခ) ကိုလတ် မောင်းနှင်လာသည့် CANTER အမျိုးအစား မော်တော်ယာဉ် အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဆီခဲ အလေးချိန် ၄၆ ဒသမ ၅ ကီလို (ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၆၅၁ သိန်း)ကို တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းဆီခဲများနှင့်အတူ ဖမ်းမိသည့် ကိုကိုလတ် (ခ) ကိုလတ် အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း CCDAC က ထုတ်ပြန်ထားသည်။
.
#KBZTai  #Shan  #Ywangan  #6Sep2021

Journal Download

Photo of three cats