မိုင်းကိုင် စစ်ရှောင်စခန်းအနီး၌ လက်နက်ကြီးသံကြားရ၍ စစ်ရှောင်များ အခက်အခဲ ဖြစ်န - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင် စစ်ရှောင်စခန်းအနီး၌ လက်နက်ကြီးသံကြားရ၍ စစ်ရှောင်များ အခက်အခဲ ဖြစ်န

မိုင်းကိုင်မြို့နယ်၊ နောင်လျှော်ကျေးရွာရှိ စစ်ရှောင်စခန်းအနီး၌ ယနေ့ စက်တင်ဘာလ ၁၉ ရက်၊ နေ့လယ် ၁၂နာရီခန့်တွင် လက်နက်ကြီး ပစ်ခတ်သံ ဆက်တိုက် ကြားနေရသဖြင့် စစ်ရှောင်များမှာ ဘယ်ဆီကို ထွက်ပြေးရမှန်း မသိ ဖြစ်နေပြီး အခက်အခဲ ကြုံနေရ‌ကြောင်း သိရသည်။

.

စစ်ရှောင်များသည် အဆိုပါ လက်နက်ကြီးသံကြားနေရသည့် အတွက် စစ်ရှောင်စခန်း၌ ဆက်မနေရဲတော့ဘဲ ပစ္စည်းများသိမ်းကာ တခြားနေရာသို့ တိမ်းရှောင်‌ရန် အတွက် ပြင်ဆင်နေရသည်။


ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် RCSS/SSA နှင့် SSPP/SSA တို့သည် စက်တင်ဘာလ ၁၄ ရက်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့တိုင် စစ်ရေး တင်းမာမှုများ ရှိနေ‌ကြောင်း သိရသည်။

===========

[ ဖော်ပြပါသတင်းသည် SHAN News (Burmese Version) ၏ သတင်း ဖြစ်ပြီး Kanbawza Tai News  နှင့် SHAN News (Burmese Version) တို့သည် MASS အဖွဲ့ဝင် မဟာမိတ်များ ဖြစ်သည်။ ]

Journal Download

Photo of three cats