ကျောက်မဲမြို့နယ်ရှိ တာဝါတိုင်များ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်၊ ညနေ ၆ နာရီခန့်တွင် ဖောက်ခွဲ ဖျက်ဆီးခံရကြောင်း သိရသည်။
.
လွယ်ခွန်တောင်ပေါ်ရှိ တာဝါတိုင် နှင့် ကျွဲကုန်းကျေးရွာရှိ တာဝါတိုင်တို့ ဖောက်ခွဲဖျက်ဆီးခံရခြင်း ဖြစ်ကာ ပေါက်ကွဲမှုကြောင့် ပစ္စည်းအချို့ ပျက်ဆီးမှု ရှိခဲ့သည့်အပြင် Mytel Wifi အင်တာနက်လိုင်း ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ ဖောက်ခွဲမှုအား မည်သည့် အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရသေးပေ။
.
#KBZTai #Shan #News21Sep2021