(၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေး၊ (၇၆)ကြိမ်မြောက်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဖွင့်ပွဲနှင့် ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးများကို စက်တင်ဘာလ ၁၄ ရက်တွင် ကျင်းပရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
.
(၇၆) ကြိမ်မြောက်အထွေထွေညီလာခံဥက္ကဋ္ဌ အဖြစ် မော်လ်ဒိုက်နိုင်ငံမှ H.E. Mr. Abdulla Shahid က တာဝန်ယူမည် ဖြစ်ပြီး နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်များ ရွေးချယ်မည့် အရည်အချင်းစစ် ကော်မတီ (Credentials Committee)တွင် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်၊ တောင်အာဖရိက၊ ဆွီဒင်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကြောင်း သိရသည်။