ကျိုင်းတုံ-မိုင်းလား လမ်းပေါ်ရှိ ဝမ်တာပင်း စစ်ဆေးရေးဂိတ်အား ပြန်လည် ဖွင့်လှစ်ရန် စီစဉ် နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံ-မိုင်းလား လမ်းပေါ်ရှိ ဝမ်တာပင်း စစ်ဆေးရေးဂိတ်အား ပြန်လည် ဖွင့်လှစ်ရန် စီစဉ် နေ


ကျိုင်းတုံ- မိုင်းလားလမ်းပေါ်ရှိ ၅ နှစ်ကြာ ပိတ်သိမ်း ထားသည့် ဝမ်တာပင်း ပူးပေါင်း စစ်ဆေးရေးဂိတ်အား ယခု စက်တင်ဘာလအတွင်း ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

.

ဝမ်တာပင်း ပူးပေါင်း စစ်ဆေးရေးဂိတ်အား လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်ထားခြင်းကြောင့် ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများအား မိုင်းခတ်-မိုင်းယန်းလမ်းကိုသာ အသုံးပြု၍ သွားလာနေရသဖြင့် ခရီး ကြန့်ကြာခြင်း၊ ကုန်စည် စီးဆင်းမှု လျော့နည်းခြင်း အခြေအနေများကြောင့် UWSA အပါအဝင် လုပ်ငန်းရှင်များက ပြန်လည် ဖွင့်လှစ်ပေးရန် တောင်းဆို ဆွေးနွေးမှုများ ပြုလုပ်သော်လည်း ဖွင့်လှစ်ခွင့် မရရှိခဲ့ဘဲ ယခုမှသာ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

.

" ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းရင်း အသေးစိတ်ကို မသိရသေးဘူး၊ အခွန်ငွေ ရဖို့အတွက် ဒါမှမဟုတ်ရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုခုက တောင်းဆိုတာကြောင့်လို့ပဲ ထင်ပါတယ်။ ကုန်စည် စီးဆင်းမှု မြန်ဆန်ဖို့ ရည်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။ " ဟု ကျိုင်းတုံမြို့နေ ဒေသခံ တစ်ဦးက ပြောသည်။

.

အဆိုပါ ဝမ်တာပင်းလမ်း (AH-3) သည် ကျိုင်းတုံမှ မိုင်းလားသို့ ဆက်သွယ် ဖောက်လုပ်ထားခြင်း ဖြစ်ကာ ခရီးမိုင် ၅၀ ခန့် သာ ကွာဝေးပြီး ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ နှောင်းပိုင်းက စတင်၍ လုံခြုံရေးအရ ပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats