မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နေသည့် ကျောက်မဲမြို့၌ ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် မိုးရေချိန် စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။
.
မိုးရေချိန် တိုင်းတာသော စခန်း ဖွင့်လှစ်ခဲ့သည့် နှစ်ပေါင်း ၃၈ နှစ်တာ ကာလအတွင်း မိုးရေချိန် ၃ ဒသမ ၉၄ လက်မ (၁၀၀ မီလီမီတာ) ဖြင့် စံချိန်သစ် တင်ခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နေ့လယ်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်က မိုးရေချိန် ၂ ဒသမ ၉၉ လက်မ (၇၆ မီလီမီတာ) ဖြင့် အမြင့်ဆုံး တင်ခဲ့သည့် စံချိန်ကို ယခုတွင် ချိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျောက်မဲမြို့၌ လက်ရှိတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေလျက် ရှိသည်။