တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ နေရပ်ပြန် မြန်မာလုပ်သား ၃၀၀ ကျော် ထပ်မံ ဝင်ရောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ နေရပ်ပြန် မြန်မာလုပ်သား ၃၀၀ ကျော် ထပ်မံ ဝင်ရောက်

တရုတ်နိုင်ငံ ရွှေလီ၊ ဂျယ်ဂေါင်မှ မြန်မာလုပ်သား ၃၀၀ ကျော်သည် နယ်စပ်ဂိတ်မှ တဆင့် မူဆယ်မြို့ဘက်သို့ ယနေ့ စက်တင်ဘာလ ၃ ရက်တွင် ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။

.
ရွှေလီ၊ ဂျယ်ဂေါင်ရှိ လုပ်ငန်းအများစု ပိတ်သိမ်းလိုက်ခြင်းကြောင့် နေရပ်သို့ ပြန်‌လာနေကြခြင်း ဖြစ်ပြီး ယနေ့ ပြန်လည် ဝင်ရောက်လာသူများတွင် အမျိုးသား ၁၇၇ ဦး၊ အမျိုးသမီး ၁၅၃ ဦး၊ စုစုပေါင်း ၃၃၀ ဦး ပါဝင်ကြောင်း သိရသည်။
.
အဆိုပါ နေရပ်ပြန် မြန်မာလုပ်သားများ ပြန်လည်ဝင်ရောက်လာမှုမှာ ဇူလိုင်လ ၂၆ ရက်မှ ယနေ့ထိ စုစုပေါင်း ၉၀၆၉ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

[ဓါတ်ပုံ - လူသားခြင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရေး ကွန်ရက် ]

Journal Download

Photo of three cats