တန့်ယန်းမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြကန်သာပန်းခြံ အဝင်ပေါက် လမ်းဘေး၌ စက်တင်ဘာလ ၂၇ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ညောင်ပင် သစ်ကိုင်း ကျိုးကျ၍ ကားတစ်စီး အပေါ် ပိကာ လူတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း သတင်းရရှိသည်။
အဆိုပါ ညောင်ကိုင်း ကျိုးကျမှုကြောင့် ကားတစ်စီး၊ ထော်လာဂျီ တစ်စီးနှင့် ဓါတ်တိုင်များ အပေါ် ပိ မိကာ ကားပေါ်ပါ လူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကားအတွင်း ပိတ်မိနေသူအား မီးသတ်တပ်ဖွဲ့ဝင်များက ကူညီ ကယ်ဆယ်၍ ဆေးရုံးသို့ ပို့ဆောင် ပေးခဲ့ကြောင်းနှင့် ကျိုးကျခဲ့သည့် သစ်ကိုင်းများနှင့် ဓါတ်တိုင်များကို ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။